ပဲခူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) အခု (၂၅၀၀) အား အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူး မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campaign ကို  ခရိုင်စီမံအုပ်ချုပ်ရေး‌မှူး  ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၉) နာရီအချိန်က  လူစည်ကားရာ နေရာများဖြစ်သော ပဲခူးမြို့ဆုတောင်းပြည့် ရွှေမောဓောစေတီတော် အနောက်ဘက်မုခ်၊  ဘုရားလမ်းနှင့် သီရိဟံသာ ခန်းမရှေ့၌ (Mask) အခု (၂၅၀၀) အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ Mask Campaign အား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအချိန်ဟာ ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်မားလာသည့်အတွက် ကျွန်တော်တို့ တိုင်းပြည်ရှိ မိဘပြည်သူများ အသိ၊ သတိတွေ ရှိစေရန်အတွက် တစ်မြို့နယ်ချင်း၊ တစ်ဦးတစ်ယောက်ချင်း အသိစိတ်ဓာတ်တွေ ရှိစေဖို့အတွက် ကျွန်တော်တို့ ပဲခူးမြို့မှာရှိတဲ့ မိဘပြည်သူတွေ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာစေရန်အတွက် ပဲခူးမြို့ပေါ်ရှိ လူစည်ကားရာနေရာတိုင်းမှာ Mask Campaign များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရပြီး Mask Campaign ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီ အသင်းအဖွဲ့များ ပူးပေါင်း၍ Mask Campaign ကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မျိုးငြိမ်း ခရိုင် (ပြန်/ဆက်)