နတ်မောက်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းဖွင့်လှစ်

နတ်မောက် မေ ၂၈                              

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဗိုလ်တေဇအားကစားကွင်းနှင့် ဖူဆယ်အားကစား ကွင်း တို့တွင် မေလ (၂၂) ရက်နေ့မှစတင်၍ နွေရာသီအားကစား သင်တန်း ဖွင့်လှစ်လျက်ရှိသည်။                  

အဆိုပါသင်တန်းတွင် ဖူဆယ်ကစားနည်းနှင့် ကရာတေးဒိုကစားနည်းများကို သင်တန်းသား ကျား (၃၀) ဦး ၊မ (၃) ဦး စုစုပေါင်း (၃၃) ဦးအား သင်တန်းနည်းပြဆရာ (၄) ဦးဖြင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းကို နေ့စဉ် ညနေ ၃ နာရီမှ ၄နာရီ ၃၀ မိနစ်အထိ ဖူဆယ်ကစားနည်းကို လည်းကောင်း၊ ညနေ (၅) နာရီမှ (၆) နာရီအထိ ကရာတေးဒိုကစားနည်းလည်းကောင်း လက်တွေ့ သင်ကြားပေးလျက်ရှိသည်။ သင်တန်းကာလကို မေလ (၂၂) ရက်နေ့မှ မေလ (၃၀) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွား မည် ဖြစ်ကြောင်း သိရသည်။ 

 “ ကျွန်တော်တို့အနေနဲ့ ယခုလို နွေရာသီအားကစားသင်တန်းတွေ ဖွင့်လှစ်ပေးရတဲ့ ရည်ရွယ်ချက်    ကတော့ မြို့နယ်အားကစား ဖွံ့ဖြို့တိုးတက်စေရေး ၊ကျန်းမာကြံ့ခိုင်စေရေးနှင့် ကလေးများအားကစားကို ပိုမိုစိတ်ဝင်စားမှုရှိစေရေးအတွက် ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်ဟု” မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ထံမှသိရသည်။

သင်းသင်းမြတ်