လားရှိုး၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

 

လားရှိုး မေ ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း  လားရှိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက်(၉)နာရီအချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပကြောင်းသိရသည်။

အဆိုပါအခမ်းအနား၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးက နှုတ်ခွန်းဆက် အမှာစကား ပြေားကြားခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ချိုဦး က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပညာရေးမှူးရုံးခွဲ ဆရာကြီး ဦးခင်မောင်ဌေးက ပညာရေးဆိုင်ရာ အချက်အလက်များတင်ပြခဲ့သည်။ ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကြီးနှင့် ဒုတိယတိုင်းမှူးတို့က လက်ဆောင်ပစ္စည်းမျာကိုပေးအပ်ရာ လားရှိုးမြို့နယ် ပညာရေးမှူးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူခဲ့ကြသည်။ ကျောင်းသုံးအခမဲ့ပုံနှိပ်နှင့်ဗလာစာအုပ်များကို ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပေးအပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပညာရေးမှူးရုံးခွဲ ဆရာကြီး ဦးခင်မောင်ဌေးက လက်ခံရယူခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ် စာအုပ်(၃၇၅၁၇၆)ဒါဇင်၊ ဗလာစာအုပ်ဒါဇင်ပေါင်း(၁၆၇၈၂၀)ဒါဇင်၊ ခဲတံဒါဇင် ပေါင်း(၉၉၉၈၆)ဒါဇင်၊ ဘောပင်ဒါဇင်ပေါင်း (၁၉၅၆၅)ဒါဇင် ပေးအပ်ခဲ့ကြောင်းနှင့် လားရှိုးခရိုင်၌ မြို့နယ်ပေါင်း (၁၂)မြို့နယ်မှ အခြေခံပညာကျောင်းပေါင်း(၉၆၅) ကျောင်းရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်