၂၀၂၁−၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

မြောင်းမြ       မေ     ၂၈

၂၀၂၁−၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီအတွက် မြောင်းမြခရိုင်နှင့် အိမ်မဲ၊ ဝါးခယ်မမြို့နယ် ဧရိယာအတွင်းရှိ ငါးဖမ်းကွက်များအား (ဒုတိယအကြိမ်) စျေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြောင်းမြခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် ဧရာတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသော်ထွန်းဦးနှင့် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး တို့က အဖွင့်အမှာစကား ပြောကြားခြင်း၊ မြောင်းမြခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးဦးစန်းမောင်ဦးက အင်း/တင်ဒါ ပိုက်ချက်များ လေလံတင်ရောင်းချမည့် အစီအစဉ်အား ရှင်းလင်းပြောကြားပြီး မြောင်းမြခရိုင်ဧရိယာ အတွင်းရှိ အင်းပေါင်း(၃၃)အင်း၊ တင်ဒါငါးဖမ်းကွက်(၁၇၄)ချက် တို့အား ပွင့်လင်းမြင်သာစွာစျေးပြိုင် စနစ်ဖြင့် ရောင်းချခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဧရာတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီး ဌာနမှူးဦးသော်ထွန်းဦး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး ၊ မြောင်းမြခရိုင် ငါး လုပ်ငန်း ဦးစီးဌာနမှခရိုင်ဦးစီးဌာနမှူးဦးစန်းမောင်ဦးနှင့်လေလံဆွဲမည့်လုပ်ငန်းရှင်များတက်ရောက် ခဲ့ကြကြောင်း သိရသည်။

သက်ဝေ (ပြန်/ဆက်)