နောင်ချိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

နောင်ချို   မေ   ၂၈   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများ၊ အသက် (၆၅)နှစ်အထက် ဘိုးဘွားများ၊ ပြည်သူများ၊ ဝန်ထမ်း မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို နောင်ချိုမြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိရာ မေလ ၂၇ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၅၂၉၁ ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။

ကိုဗစ်၁၉-ရောဂါကာကွယ်ဆေးကို၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များနှင့် သူနာပြုများက ထိုးနှံပေးခဲ့ကြပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ၇၅၇ ဦးကျန်ရှိရာ မေ လ(၃၁) ရက်နေ့အထိ ပြည့်မီစွာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်၊ ပြန်/ဆက်