သတင်းများ

ပင်းတယမြို့ကျေးရွာများ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး
May 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ကျေးရွာအုပ်စုများသို့ မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်၍ ကျေးရွာအုပ်စုများသို့ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တကူ(စံပြ)တိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့သူနှင့် ထိစပ်ပြီး နှာစေးချောင်းဆိုးနေသူ ညီအစ်မ(၂)ဦး ရောဂါပိုး ထပ်မံတွေ့ရှိ
May 28,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ သာရဘွင် ကျေးရွာအုပ်စု-သာရဘွင်အရှေ့ရွာမှ တကူတိုက်နယ် ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူနှင့် ထိစပ်ပြီး မိသားစုဝင် အမျိုးသမီး(၃)ဦးမှ နှာစေးချောင်းဆိုးလက္ခဏာများ ခံစားနေရကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် ယနေ့နံနက် ၁၀ နာရီခန့်က တကူ(စံပြ) တိုက်နယ်ဆေးရုံ သီးသန့်အဆောင်သို့ခေါ်ယူ၍ တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်က ဦးဆောင် ကြီးကြပ်လျက် ဓါတ်ခွဲကျွမ်းကျင်(၄) ဒေါ်ဆုလဲ့မွန်မှ Covid-19 Antigen Rapid Test (RDT)ဖြင့် ရောဂါပိုး ရှိ/မရှိ ချက်ခြင်းစစ်ဆေးရာ အမျိုးသမီး(၂)ဦးမှာ Covid-19 ရောဂါပိုး ထပ်မံအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
May 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ကိုရင်ကျော် စီစဉ်သည့် “နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး) ဒုတိယအကြိမ် စာပေဆု ပြိုင်ပွဲမှ ဆုရစာမူများ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
ဝမ်းတွင်းမြို့နယ် ပြည်သူ့စာကြည်တိုက်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ သုတ/ရသစာပေများအား ပုံမှန်ငှါးရမ်းပေးလျက်ရှိ
May 28,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ သုတ/ရသ စာပေများအား ငှါးရမ်းပေးလျက်ရှိကြောင်းသိရသည်။
ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
May 28,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ၏ လယ်ယာ ထွက်ကုန် သီးနှံများ ရာသီမရွေး အလွယ်တကူသယ်ယူပို့ဆောင် နိုင်ရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ ဆောင်ရွက်ပေးလျက်ရှိ ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မဲသိမ်ကျေးရွာ၊ ကိုမောင်ကျေးရွာနှင့် ငါးခုတ္တောကျေးရွာတို့၌ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကိုခရိုင်နှင့်မြို့နယ်မှ QC/WD အဖွဲ့များက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေး ထားဆောင် ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့် မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုင်ဆောင်လက်မှတ်များ ထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မည့် “ပန်းခင်း” စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်
May 28,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကဏ္ဍ (၄) ရပ် သတ်မှတ်ကာ ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စုများအလိုက် အသက်(၁၈) ပြည့်ပြီးသူများအား ကိုင်ဆောင်လက်မှတ်များထုတ်ပေးမည့် “ပန်းခင်း” စီမံချက်နှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက် လျက်ရှိ
May 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၀ တွင် ကျောင်းအပ်လက်ခံခြင်းများ အေးချမ်းစွာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်
May 28,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။