သတင်းများ

ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအားပညာသင်ထောက်ပံ့ကြေးပေးအပ်
May 28,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ကျောင်အပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2021
ရန်ကုန်အနောက်ပိုင်း၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မြို့နယ်တွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ၊ ဖတ်စာအုပ်များ ပေးအပ်ပွဲကို အ.ထ.က(၂) အခြေခံပညာကျောင်း နှင်းဆီခန်းမ၌ ယနေ့နံနက်၁၀:၀၀ နာရီ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်း ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဦးတင့်ဝေ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်ထွန်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဆန်းထွန်းနှင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ကျောက်တော်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများ၌ စတင် ကျောင်းလက်ခံ
May 28,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံလျှက်ရှိရာ အထက်တန်းကျောင်း၊ အလယ်တန်း ကျောင်း၊ မူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား မေလ ၂၄ ရက်နေ့မှ၍ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP ) ဆောင်ရွက်နေမှု အခြေအနေ ကွင်းဆင်းစစ်ဆေး
May 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများကိုယ်တိုင် မိမိကျေးရွာများ ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျ စုပေါင်းလျက် ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ထောက်ပံ့ရန်ပုံငွေ ကျပ်(၁၀)သန်းဖြင့် VDP စီမံကိန်းဝင်ကျေးရွာများ ဖြစ်သည့် အေးမွန်ကျေးရွာနှင့် ဗျိုင်းအင်းအမှတ်(၅)ကျေးရွာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ဒုတိယဦးစီးမှူး ဒေါ်တင်မို့မို့ကျော်နှင့် ဝန်ထမ်းများက မေလ (၂၈) ရက်နံနက်ပိုင်းက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။
ကျောက်ဖြူမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အွန်လိုင်း အသိပညာပေး Talk Show ကျင်းပ
May 28,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အကြို အွန်လိုင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပပြုလုပ်သည်။
ပျော်ဘွယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ပြည်သူများစာပေအသိပညာတိုးပွားရေးပြန်လည်ဖွင့်လှစ်
May 28,2021
ပြည်သူများစာပေအသိပညာတိုးပွားစေရန်နှင့် စာတတ်သူတိုင်းစာဖတ်သည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသည့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်အား ယခင်က ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်လာနိုင်ပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သုတရသစာပေများကို လေ့လာဖတ်ရှုနိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဧပြီလကုန်ခန့်မှစတင်ကာ သုတရသစာပေများကို အခမဲ့ငှားရမ်း ပေးလျက်ရှိကြောင်းသိရသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနေမှု အခြေအနေများအား ကြည့်ရှုအားပေး
May 28,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံနေကြသည့် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအပ်လက်ခံ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြသည်။
မိုးနဲမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲအခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
May 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။