ဝမ်းတွင်း မေ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ သုတ/ရသ စာပေများအား ငှါးရမ်းပေးလျက်ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်မျာနှင့်အညီ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စာကြည့်တိုက်အဝင်တွင် လက်သန့်ဆေး/လက်ဆေးဆပ်ပြာနှင့်ရေများထားရှိပေးခြင်း၊ Maskတပ်ဆင်စေရန် အခမဲ့ဝေငှပေးခြင်းများကို ဆောင်ရွက်ပေးပြီး စာပေချစ်သူများ၏ ကြိုက်နှစ်သက်ရာ သုတ/ ရသစာပေများကို နေ့စဉ်ငှါးရမ်းပေးလျက်ရှိကြောင်းနှင့် ပြည်သူစာကြည့်တိုက်အား အပတ်စဉ်အင်္ဂါနေ့မှစနေနေ့အထိ နေ့စဉ်နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ ငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်