သတင်းများ

အိမ်မဲမြို့နယ်ကွန်တိုင်းကျေးရွာတွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
May 28,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ကွန်တိုင်းကျေးရွာအုပ်စု ကွန်တိုင်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး‌နေ့ အခမ်းအနားကျင်းပ
May 28,2021
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ အထက(၂) ကျောင်း၊ ယုဇနခန်းမတွင်  ယနေ့ နံနက်(၉)နာရီအချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရသည်။
မတ်ပဲနှင့် ပဲစင်းငုံများ လာမည့်နှစ်အထိ ဈေးဆက်လက်ကောင်းနိုင်သဖြင့် တောင်သူများ စိုက်ပျိုးသင့်
May 28,2021
အိန္ဒိယနိုင်ငံမှ ဝယ်လိုအားများနေသဖြင့် လာမည့်နှစ်အထိ မတ်ပဲနှင့် ပဲစင်းငုံများ ဈေးဆက်လက်ကောင်း နိုင်သဖြင့် တောင်သူများ ဦးစားပေး စိုက်ပျိုးသင့်ကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
မိုင်းဖြတ်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေးပြုလုပ်
May 28,2021
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ကျင်းပပြုလုပ်သည်။
ဇေယျာသီရိမြို့နယ် ၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပြန်လည်ဖွင့်လှစ်
May 28,2021
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဉတ္တရခရိုင် ၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနအနေဖြင့် Covid -19 ရောဂါကာလအတွင်း ပြည်သူ့စာကြည့်တိုက် အား ယာယီပိတ်ထားခဲ့ရာမှ ဧပြီ ၂၈ ရက်နေ့မှ စတင်ကာ ပြန်လည်ဖွင့်လှစ်လျက်ရှိသည်။
တပ်ကုန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက် ပုံမှန်အတိုင်းဖွင့်လှစ်ဆောင်ရွက်
May 28,2021
စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာနထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေသတ်မှတ်စည်းကမ်းချက်များနှင့်အညီ စာငှား၊ စာဖတ်သူများအတွက် ပုံမှန်အတိုင်း ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။