ရမည်းသင်း မေ ၂၈
စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာနထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေသတ်မှတ်စည်းကမ်းချက်များနှင့်အညီ စာငှား၊ စာဖတ်သူများအတွက် ပုံမှန်အတိုင်း ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်/စာငှားရမ်း ပရိတ်သတ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ရုံးဝန်းအတွင်း လက်ဆေးကန် ထားရှိပေးသလို စာဖတ်၊ စာငှားများမှ နှာခေါင်းစည်း(mask)တပ်ဆင်၍ စနစ်တကျ ဆောင်ရွက်ရကြောင်း စာငှား ၊စာဖတ်ပရိတ်သတ် ဦးလှလေးမောင် ကပြောသည်။
ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်တွင် လစဉ်အသစ်ရောက်ရှိသည့် သုတ၊ ရသ စာအုပ်များကို မည်သူမဆို စာကြည့်တိုက် အသင်းဝင် ရောက်ကာ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ပြီး စာကြည့်တိုက်အသင်းဝင်မည်ဆိုပါက မှတ်ပုံမိတ္တူယူလာကာ အသင်းဝင်ရောက်ရပြီး စာကြည်တိုက်အသင်းဝင်ကြေးပေးဆောင်ရန် မလိုဘဲစာအုပ်များ ငှာရမ်းဖတ်ရှုနိုင်ကြောင်းနှင့် ရမည်းသင်းခရိုင် ပြည်သူ့ စာကြည့်တိုက် ၌ မဂ္ဂဇင်း၊ ဂျာနယ်၊ သုတ၊ ရသစာအုပ်ပေါင်း(၁၄၁၁၂)ကျော်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)