အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ
May 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများအား အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားလျက်ရှိရာ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။