ဇေယျာသီရိ မေ ၂၈
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဉတ္တရခရိုင် ၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနအနေဖြင့် Covid -19 ရောဂါကာလအတွင်း ပြည်သူ့စာကြည့်တိုက် အား ယာယီပိတ်ထားခဲ့ရာမှ ဧပြီ ၂၈ ရက်နေ့မှ စတင်ကာ ပြန်လည်ဖွင့်လှစ်လျက်ရှိသည်။
မြို့နယ်ပြည်သူ့ စာကြည့်တိုက်အား ယခုအခါ ပြည်သူများ အသိပညာဗဟုသုတ တိုးပွား စေရေးနှင့် စာပေဝါသနာရှင်များမှ စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှု ငှားရမ်းနိုင်ရေးအတွက် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ Covid - 19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ပြည်သူများမှ စာအုပ်၊ စာစောင် ငှားရမ်းခြင်း၊ ကလေးငယ်များ မှ ရုပ်ပုံဆေးရောင်ခြယ်ခြင်းများ စသည်ဖြင့် လာရောက်ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ပြည်သူ့စာကြည့်တိုက်တွင် သုတ ၊ ရသ ၊ ဂျာနယ် ၊ မဂ္ဂဇင်း နှင့် နေ့စဉ်ထုတ် သတင်းစာများစုံလင်စွာထားရှိပေးခြင်း ၊ကလေးငယ်များ အတွက် ကလေးစာဖတ် ခန်း၌ ပုံပြင်စာအုပ်များ ထားရှိပေးခြင်း ၊ ဆေးရောင်ခြယ်ခြင်း ၊ ပန်းချီရေးဆွဲခြင်း ၊ ရုပ်ပုံ ဆက်ခြင်းများ ဆောင်ရွက်ထားရှိသည်။ ‘’ ကျမကဈေးသည်ဆို့တော့ ဈေးရောင်းရင်း စာအုပ်တွေ ဖတ်ရတာ အလွန်ကြိုက်နှစ်သက်ပါတယ် ၊ ဒီစာကြည့်တိုက်က ကျမတို့ရွာနဲ့ အနီးအနားမှာ ရှိ တော့ စာကြည့်တိုက်ကိုပဲ အားကိုးပြီးတော့ ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို အမြဲတမ်းလာငှား ဖြစ်တယ်၊ Covid - 19 ရောဂါကြောင့် စာကြည့်တိုက် ယာယီပိတ်ထားလို့ စာဖတ်ဖို့ အခက်အခဲများ ဖြစ်ရတာပေါ့ ၊ ခုတော့ စာကြည့်တိုက်ပြန်ဖွင့်ပေးလိုက်တော့ ကျမဖြင့် အရမ်းဝမ်းသာမိပါတယ်၊ ပြည်သူ့စာကြည့်တိုက်ရှိခြင်းဟာ လိုအပ်သော စာအုပ်ကို မချိန်မရွေး ဖတ်ရှုနိုင်တာကြောင့် စာပေဝါသနာရှင်တွေအတွက် အလွန်ပင်ကောင်းမွန်ပါတယ်”ဟု စာဖတ်ပရိသတ် ဒေါ်ချိုသဲမာက ပြောသည်။
ပြည်သူ့စာကြည့်တိုက်အတွင်း၌လည်း ပြတိုက်ငယ် ( Mini Museum) ခင်းကျင်း ပြသခြင်း များ ဆောင်ရွက်ထားရှိရာ မြို့နယ်အတွင်းမှ ထွက်ရှိသည့် လက်မှုပစ္စည်းများ၊ ဝါးဖြင့်ပြုလုပ်ထား သော ပစ္စည်းများအပြင် ဇေယျာသီရိ မြို့နယ် အတွင်းရှိ တန်ခိုးကြီး ဘုရားများ နှင့် အထင်ကရ နေရာများ၏ ဓာတ်ပုံမှတ်တမ်းများအား ဗီနိုင်းဖြင့် ပြသထားလျက် ရှိရာ စာပေ ဝါသနာရှင်များ နှင့်ဗဟုသုတလ ေ့လာလိုသူများ အနေဖြင့်ဇေယျာသီရိမြို့နယ် ပြည်သူ့ စာကြည့်တိုက် သို့ အစိုးရရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် အခမဲ့လာရောက် လေ့လာ ငှားရမ်း ဖတ်ရှုနိုင် ကြောင်းသိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)