တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တန့်ယန်း  မေ  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)(တန့်ယန်း)မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးခွန်အောင်သွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ ကျင်းပရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် မြို့မိမြို့ဖ ဦးစိုင်းမြင့်ဆွေက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်အကြံပြု ဆွေးနွေးခဲ့ကြောင်းနှင့် တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၈၄) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃)ကျောင်း၊ စုစုပေါင်း (၁၈၇)ကျောင်းရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)