သတင်းများ

ကသာမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဂရန်အင်းများအား ပထမအကြိမ် အင်း/တင်ဒါများ လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပပြုလုပ်
May 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဂရန်အင်းများအား ပထမအကြိမ် အင်း/တင်ဒါများ လေလံရောင်းချခြင်းအခမ်းအနားကို မေလ(၂၇)ရက် နေ့နှင့် (၂၈)ရက်နေ့များတွင် ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
မြိုင်မြို့အ.ထ.က(၂)ကျောင်းတွင် မီးလောင်ကျွမ်းခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွား
May 29,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ အ.ထ.က(၂)ကျောင်းတွင် ယမန်နေ့ ည ၁၀နာရီ ၄၀ ခန့်က မီးလောင်ကျွမ်းခဲ့ပြီး လက်လုပ်ဗုံးဟုယူဆရသော ပေါက်ကွဲမှု(၅)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်
May 29,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကာယကံရှင်များထံပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ကံကလေးကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်သည်။
တောင်ငူ၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန်နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေ
May 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင် ကြရန် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်နှင့်တုံ့ပြန်ရေး ကော်မတီရုံးရှေ့၊ ဘုရင့်နောင်စျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
May 29,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်
May 29,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြင်းခြံမြို့ အ.ထ.က(၁)ကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
စစ်တွေမြို့နယ်၌ “ပန်းခင်း” စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
May 29,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံး၏ “ပန်းခင်း”စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ပါဒလိတ်ကျေးရွာ ခန်းမ၌ ကျင်းပသည်။
မင်းပြားမြို့၌ ၂၀၂၁ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 29,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း စိုက်ပျိုးရေးတောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်းကို မေ ၂၈ ရက်နေ့မှ စတင်ကာ မြို့နယ်မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။