ဒဂုံမြို့သစ်(ဆိပ်ကမ်း) မေ ၂၈
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ အထက(၂) ကျောင်း၊ ယုဇနခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးလှကြည်က ကျောင်းနေအရွယ်ကလေးများ၊ ကျောင်းတက်ရမည့် ကလေးများကျောင်းသို့ ရောက်ရှိရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး နေလင်းအောင်၊ အဖွဲ့ဝင်(၂)ဦးလှကြည်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့ ကြသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း ကျောင်းနေအရွယ် ကလေးများ အခြေခံပညာသင်ယူခွင့် ရရှိစေရန် ကျောင်းတက်၊ ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ်ကို ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ(၂၄)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
နန်းရွှေကြည်(ပြန်/ဆက်)