မိုင်းဖြတ် မေ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြား သည်။ ထို့နောက် တာချီလိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောနှင်းဦး က ကလေးသူယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ကလေးသူငယ် ဥပဒေ၊ အသက် နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များ၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ ကလေးသူငယ် များနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန် အဆင့်ဆင့်တို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် တာဝန်ရှိသူများ၊ တာချီလိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်စောနှင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့်တာဝန်ရှိသူများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် အမျိုးသမီး ကော်မတီဝင်များ တက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)