တပ်ကုန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တပ်ကုန်း မေ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (တပ်ကုန်းမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီဥက္ကဋ္ဌ) ဦးကျော်သူစိုးက အမှာစကားပြောကြားခဲ့ပြီး တပ်ကုန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်ခင်သန်းဆင့်က ကလေးသူငယ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဥပဒေနှင့်ရင်ဆိုင်နေရသော ကလေးနှင့်လူငယ်များအား ကူညီစောင့်ရှောက်ပေးနေမှု၊ အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်ရရှိစေရေး အိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းနှင့်အကြမ်းဖက်မှု ၊ခြိမ်းခြောက်ခံနေရမှုကင်းဝေစေရေး ဆောင်ရွက်ထားရှိမှုများနှင့်ကူညီထောက်ပံ့မှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့်ကော်မတီဝင်များက မိမိတို့ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးများနှင့် အမျိုးသမီးများဘဝဖွံဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တင်စိုးလွင်