ကျောက်တော် မေ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင် ကျောင်းအပ်လက်ခံလျက်ရှိရာ အထက်တန်းကျောင်း၊ အလယ်တန်း ကျောင်း၊ မူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား မေလ ၂၄ ရက်နေ့မှ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ် လက်ခံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေ အရွယ်ကလေးအားလုံး ပညာ သင်ခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများ၌ စတင်ကျောင်းအပ်နှံလက်ခံပေးခြင်းများအား ဆောင်ရွက် ပေးလျက်ရှိသည်။
ဆက်လက်၍ ကျောင်းအပ်နှံလာကြသော ကျောင်းသား၊ ကျောင်းသူများကို မိမိတို့တက်ရောက်သင် ကြားရမည့်အတန်းအလိုက် ကျောင်းအပ်လက်ခံပေးကြပြီး ကျောင်းအပ်နှံရာတွင် ကျောင်းဝင်ကြေးများနှင့် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိခြင်း၊ ကျောင်းသား ကျောင်းသူများကိုလည်း ကျောင်းသုံးပြဋ္ဌာန်း စာအုပ်(၁)စုံ၊ ဗလာစာအုပ်(၁)ဒါဇင် ၊ ဘောပင် ၊ ခဲတံ၊ Mask ၊ Face Shieid တို့ကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးအပ်လျှက်ရှိသည်။ ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံ လျှက်ရှိပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ(၂၄)ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံ လက်ခံပေးသွားမည်ဖြစ်ကြောင်း အ-ထ-က ကျောင်းအုပ်ဆရာကြီး ဦးစောလှကျော်ထံမှ သိရှိရသည်။
ခင်မောင်ထွန်း