ကျောက်ဖြူမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အွန်လိုင်း အသိပညာပေး Talk Show ကျင်းပ

 

ကျောက်ဖြူ မေ ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အကြို အွန်လိုင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပပြုလုပ်သည်။

 

အဆိုပါ (Talk Show)ဆွေးနွေးပွဲတွင် ကျောက်ဖြူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသောအားဖြင့် “ပတ်ဝန်းကျင်ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်း ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်း သိမ်းရခြင်းအကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများနှင့် သက်ဆိုင်သော လေထု ညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးခြင်းများ၊ ဂေဟစနစ်ပျက်စီးခြင်းများ၊ မီး တောင် ပေါက်ကွဲခြင်းများ၊ ဇီဝမျိုးစုံမျိုးကွဲ ပျောက်ဆုံးခြင်းများ၊ ဆိုက်ကလုံမုန်တိုင်းဖြစ်ပေါ်ခြင်းများ၊ ရေကြီးမှု၊ မြေပြိုမှုဖြစ်ပေါ်ခြင်းများ အစရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာ များဖြစ်ပေါ် လာသဖြင့်၊ ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုများကို လိုအပ်ကြောင်း အသိပညာပေးခြင်းများ ကို ကဏ္ဍစုံလင်စွာ ဖြင့် ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်က မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရည်ရွက်ချက်များ၊ ဥပဒေ၊ နည်းဥပဒေများ စသည့် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့သည်။ ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်ကာလအ တွင်း ပြည်သူများ စာပေအသိပညာဗဟုသုတတိုးပွားစေ‌ရေး အတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ခြင်း၊ လက်ကမ်း စာစောင် များဖြန့်ဝေပေးခြင်း၊ နံရံကပ် စာစောင်နှင့် ဓါတ်ပုံပြပွဲများပြုလုပ်ပြသပေးခြင်း၊ သုတ၊ရသ စာအုပ်အညွှန်းများမိတ်ဆက်ခြင်းတို့အပြင် ကလေးများဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးလာ စေရန် အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသပေး ခြင်း စသည့် အသိပညာပေးအစီအစဉ်များအား Face Book Page များမှတဆင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ‌ဒေါ်ခင်ယုယုနွယ်ထံမှ သိရှိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း