ပျော်ဘွယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ပြည်သူများစာပေအသိပညာတိုးပွားရေးပြန်လည်ဖွင့်လှစ်

ပျော်ဘွယ် မေ ၂၈

ပြည်သူများစာပေအသိပညာတိုးပွားစေရန်နှင့် စာတတ်သူတိုင်းစာဖတ်သည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသည့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်အား ယခင်က ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်လာနိုင်ပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သုတရသစာပေများကို လေ့လာဖတ်ရှုနိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဧပြီလကုန်ခန့်မှစတင်ကာ သုတရသစာပေများကို အခမဲ့ငှားရမ်း ပေးလျက်ရှိကြောင်းသိရသည်။

ပြည်သူ့စာကြည့်တိုက်အားဖွင့်လှစ်၍ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ နံနက်()နာရီခွဲမှ ညနေ()နာရီခွဲအထိ ဖွင့်လှစ်ငှားရမ်း ပေးလျက်ရှိပြီး စာပေဖတ်ရှုသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များ ငှားရမ်း ခြင်းများအပြင် ကလေးဖတ်စာပေများ၊ နိုင်ငံတော်ပြန်တမ်းများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်နှင့်စာစောင်များကို မည်သူမဆိုအခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

မင်းမင်းထွေး(ပြန်/ဆက်)