ကမာရွတ်မြို့နယ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ကျောင်အပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၈

ရန်ကုန်အနောက်ပိုင်း၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မြို့နယ်တွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ၊ ဖတ်စာအုပ်များ ပေးအပ်ပွဲကို အ.ထ.က(၂) အခြေခံပညာကျောင်း နှင်းဆီခန်းမ၌ ယနေ့နံနက်၁၀:၀၀ နာရီ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်း ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဦးတင့်ဝေ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်ထွန်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဆန်းထွန်းနှင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပညာရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး ဆရာကြီး ဦးတင့်ဝေက ကျောင်းအပ်နှံရေးနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပြီးနောက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးတင့်ဝေမှ အ.ထ.က(၂) ကျောင်အုပ်ဆရာမကြီး ဒေါ်ခင်စောရီထံသို့ မြိုနယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအတွက် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများကို  ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)