ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအားပညာသင်ထောက်ပံ့ကြေးပေးအပ်

                                                                                  ကျောင်းကုန်း မေ ၂၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကိုဗစ်ကာလ တစ်နှစ်ကျော်ရပ်နားထားရသော ကျောင်းများ မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ဗလာစာအုပ်၊ ဘော့လ်ပင်၊ ခဲတံနှင့် ကျောင်းစရိတ် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဝန်ထမ်းသားသမီး(၄၄)ဦးအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

ကျောင်းကုန်းမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၃၉)ဦး၏သားသမီးများအနက် မူလတန်း အဆင့် (၂၂)ဦးအတွက် (၁)သိန်း (၄)သောင်းကျော်၊ အလယ်တန်းအဆင့်(၁၄)ဦးအတွက်(၁)သိန်း(၃)သောင်း ကျော်နှင့် အထက်တန်းအဆင့်(၈)ဦး အတွက်(၁)သိန်းကျော်၊ စုစုပေါင်း(၄)သိန်းခန့် ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)