သတင်းများ

မိုးစပါးများ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး ကန်တော်ကြီးဆည်ရေသောက် သပြေပင်မြောင်းမကြီး အတွင်းရှိ သဲနုံးများ အမှိုက်သရိုက်များအား စက်ယန္တရားကြီးဖြင့် တူးဖော်
Jun 07,2021
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကန်တော်ကြီးဆည်ရေသောက် တရုပ်ကော အုပ်စု သဖန်းကုန်း ကျေးရွာအနီးရှိ အရှည် ၁၅၀၀ ပေ၊ အကျယ် ၆ ပေ ၊ အနက် ၄ ပေ ရှိသည့် သပြေပင်မြောင်းမကြီးမှာ ယခုအခါ သဲနုံးများ အမှိုက်သရိုက်များ ချုံနွယ်ပိတ်ပေါင်းများဖြင့် တိမ်ကောနေပြီဖြစ်သဖြင့် မိုးစပါးများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အခက်အခဲများ နှစ်စဉ်ကြုံတွေ့နေရကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့အေးချမ်းစွာဖြေဆိုလျက်ရှိ
Jun 07,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က တံတားဦးမြို့ မေဃဝန်ပရိယတ္တိစာသင်တိုက်အတွင်းရှိ သာသနာ့ဝေပုလ္လ ဓမ္မဗိမာန်၌ ဆရာတော် သံဃာတော်များ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည် ။
နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် အစိုးရ ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 07,2021
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် သာသနာ့ဗိမ္မာန်တွင် ၂၀၂၁ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ်(၁၂) အချိန်က စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
သီပေါမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း (၁၆၂)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး ဝင်ရောက်ဖြေဆို
Jun 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့ကျက်သရေဆောင် မဟာသာသနာ့ဗိမာန်တော်ကြီးတွင် စာဖြေဌာနဖွင့်လှစ်ကာ ယနေ့မွန်းတည့် ၁၂ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့စတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်၊ကျောက်တန်းကျေးရွာတွင် မိုးကြိုးပစ်ရာ စက်ကွင်းမိ၍ ခိုင်းနွား၂ကောင်သေဆုံး
Jun 07,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ၊ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ တွင် ယမန်နေ့ညနေ ၇ နာရီခွဲ အချိန်တွင်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင်၂၀၂၁-ခုနှစ်အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုမည့် ရဟန်း၊သာမဏေများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း
Jun 07,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၁-ခုနှစ်၊ (၂၄)ကြိမ်မြောက် အစိုးရ ပါဠိ ပထမပြန်စာမေးပွဲဖြေဆိုမည့် ရဟန်း၊ သာမဏေများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကိုယနေ့ နံနက်(၅)နာရီအချိန်က ဂွမြို့သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ ရတနာသိဒ္ဓိ ဗိမာန် တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုလောမြို့နယ်၌ စိုက်ပျိုးရေး အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်
Jun 07,2021

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေး အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် Community Centre တွင် ကျင်းပ ပြုလုပ်ခဲ့ သည်။