မလှိုင်မြို့နယ်၊ကျောက်တန်းကျေးရွာတွင် မိုးကြိုးပစ်ရာ စက်ကွင်းမိ၍ ခိုင်းနွား၂ကောင်သေဆုံး

မလှိုင်  ဇွန်  ၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ၊ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ တွင် ယမန်နေ့ညနေ ၇ နာရီခွဲ အချိန်တွင်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ ည၇ နာရီခွဲ  အချိန်ခန့်တွင် ကျောက်တန်းကျေးရွာ၌  မိုးကြိုးပစ်ရာ စက်ကွင်းမိသဖြင့် ၎င်းကျေးရွာနေ ဦး၀င်း-ဒေါ်ပြားတို့ပိုင်ဆိုင်သော ခိုင်းနွား၊ အထီး( ၂ )ကောင်မှာ သေဆုံးခဲ့ကြောင်း သိရသည်။

နွားတစ်ကောင်၏တန်ဘိုးမှာ ငွေကျပ် ( ၁၂ )သိန်း တန်ဘိုးရှိပြီးစုစုပေါင်းငွေကျပ်၂၄ သိန်းခန့် ဆုံရှုံးခဲ့ကြောင်း သိရသည်။အခြား လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု  မရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)