ပုလော ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် Community Centre တွင် ကျင်းပ ပြုလုပ်ခဲ့ သည်။
အဆိုပါဆွေးနွေးပွဲ၌ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးဝင်းက မိုးစပါး စိုက်ပျိုးရာတွင် ထွက်ကောင်းမျိုးစပါး၊ အရည်အသွေးကောင်းမျိုးစပါးနှင့် ဒေသမျိုးစပါးဟူ၍ ရှိပြီး ပုလောမြို့နယ်အနေဖြင့် ဒေသရေမြေဉတုနှင့် ကိုက်ညီတဲ့ စပါးကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် သဘာဝမြေသြဇာအပြင် ဓာတ်မြေသြဇာများကိုလည်း အချိန်နှင့်တစ်ပြေးညီ အသုံးပြုရန် လိုအပ်ကြောင်း၊ ရောင်းအားကောင်းသည့် အရည်သွေးကောင်း မျိုးသန့်စပါးများကို ရွေးချယ်စိုက်ပျိုးစေလိုကြောင်း၊ နှစ်ရှည်ပင်စိုက်ပျိုးရာ၌ ရာဘာတစ်မျိုးတည်းကိုသာ စိုက်ပျိုးခြင်း မပြုရန်နှင့် ရာဘာပင်များ ကြားတွင် ကွမ်းပင်၊ ကော်ဖီပင်နှင့် ကိုလ်ကိုးပင် စတဲ့ ကြားသီးနှံများကို လည်း စိုက်ပျိုးသင့်ကြောင်းကို အကြံပြုဆွေးနွေးခဲ့သည်။
အေးအေးမော် (ပုလော ပြန်/ဆက်)