တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့အေးချမ်းစွာဖြေဆိုလျက်ရှိ

တံတားဦး  ဇွန်   

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က တံတားဦးမြို့ မေဃဝန်ပရိယတ္တိစာသင်တိုက်အတွင်းရှိ သာသနာ့ဝေပုလ္လ ဓမ္မဗိမာန်၌ ဆရာတော် သံဃာတော်များ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်

အဆိုပါစာမေးပွဲဖြေဆိုရာသို့ တံတားဦးမြို့နယ် တောင်ပြုံးကျေးရွာ ပညာပါရမီရွှေကျောင်း သံဃာ့ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝါယမ တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော် သံဃာတော်များ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်

တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ၌  ခြေပြုမူလတန်းစာမေးပွဲတွင်ဆရာတော် သံဃာတော်(၁၈)ပါး ပထမငယ်တန်း စာမေးပွဲတွင် ဆရာတော်သံဃာတော်(၁၄)ပါး ပထမလတ်တန်း ဆရာတော်သံဃာတော်()ပါး ပထမကြီးတန်း စာမေးပွဲတွင် ဆရာတော် သံဃာတော်()ပါး စုစုပေါင်းလာရောက်ဆိုကြသည့် ဆရာတော်သံဃာတော်( ၄၃ )ပါးတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်းသိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)