သတင်းများ

ချောက်မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့သာသနာ့ဗိမ္မာန်​တော်ကြီး​ပေါ်တွင် ၂၀၂၁ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ်(၁၂) အချိန်က စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
သဲကုန်းမြို့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 07,2021
ပဲခူးတိုင်း‌ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း‌ဒေသကြီး ဦးစီးမှူး ဦးမျိုးသိန်း၊ ပြည်ခရိုင် ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်‌‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်‌ဦးစီးမှူး ဒေါ်ချစ်ချစ်စိုးနှင့်အဖွဲ့သည် ယမန်နေ့က တိုင်းဒေသကြီး ရန်ပုံငွေဖြင့် မြင့်မိုရ်ထိပ်ထား ကုမ္ပဏီမှ ဆောင်ရွက်သည့် တလိုင်းခုံကျေးရွာ ၄" ၄၀၀' စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် အင်တိုင်းအင်ကျေးရွာ ၄" ၄၀၀' စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အေးချမ်းစွာဖြေဆို
Jun 07,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန် က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့လယ်ဓမ္မာရုံ စာစစ်ဌာန၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Jun 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ပထမအကြိမ် ထိုးနှံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၁:၀၀)နာရီ အချိန်ခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးသွင်းအား စုများ ထောက်ပံ့ပေးအပ်
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီတွင် တောင်သူများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း နိုင်စေရန် ရည်ရွယ်၍ မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်ချိန်တစ်ပတ်အတွင်း ကျောင်းသား၊ ကျောင်းသူ ပေါင်း (၁၇၂၅၆) ဦး တက်ရောက်ပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Jun 07,2021
ကျိုက်မရောမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်ချိန်တစ်ပတ်အတွင်း ကျောင်းသား၊ ကျောင်းသူ ပေါင်း (၁၇၂၅၆) ဦး တက်ရောက်ပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သောလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jun 07,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများပြီးစီးမှုအခြေအနေကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
Jun 07,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်‌သောကောင်စီဝင် များနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။