သတင်းများ

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
Jun 07,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်‌သောကောင်စီဝင် များနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အရာ​​တော်မြို့တွင် ၂၀၂၀ ပြည့်နှစ် စာအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jun 07,2021
၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထု​ငွေ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ကအရာတော်မြို့ ၊သီရိရတနာ ကန်ဦးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြု လုပ်သည်။
ရွှေသောင်ယံမြို့တွင် စာသင်ကျောင်းများ၌ လုံခြုံရေးအခြေအနေများနှင့် စာသင်ကြားမှု အခြေအနေများ လိုက်လံစစ်ဆေးဆောင်ရွက်
Jun 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် ၉ နာရီက ရွှေသောင်ယံမြို့ နှင့်ကျေးရွာအုပ်စုများရှိ အခြေခံ ပညာအထက်တန်း ကျောင်းများ၌ ကျောင်းလုံခြုံရေးအခြေအနေများ ၊ စာသင်ကြားမှုအခြေအနေများကို ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ကလိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ပိုင်ကျုံမြို့၊အမှတ်(၁)ရပ်ကွက်တွင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု(၉၀)ရာခိုင်နှုန်းပြီးစီး
Jun 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေ ရေး ၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေ၊ မြို့သာယာလှပ‌ရေးအတွက် လမ်းများနှင့်‌ ရေနုတ်မြောင်းများအား အဆင့်မြှင့်တင် ပေးလျက်ရှိရာ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်(၁၄.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ဒေါနလမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေတိုက်နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းများဆောင်ရွက်
Jun 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာန ၌ အသက်တစ်နှစ်ခွဲ‌ အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေးနှင့် ပိုလီယိုအစက်ချကာကွယ်ဆေးတိုက်ကျွေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းဆောင်ရွက်
Jun 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေးအစက်ချဆေး တိုက်ကျွေးခြင်း၊ ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက နောင်ချိုမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့ သစ်တောဦးစီးဌာနမှ ပျိုးပင်‌ပေါင်း သုံးသောင်းကျော် ပျိုးထောင်ထားရှိ
Jun 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ရန်၊ ဂေဟစနစ်များ မပျက်စီးစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ် အရိပ်ရပင်၊ နှစ်ရှည်ပင်နှင့် စားသုံးသီးနှံပင် သုံးသောင်းကျော်ကို ပျိုးဥယျာဉ်(နှစ်)ခု၌ ပျိုးထောင်ထားရှိကြောင်း သိရှိရသည်။