သီပေါ ဇွန် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့ကျက်သရေဆောင် မဟာသာသနာ့ဗိမာန်တော်ကြီးတွင် စာဖြေဌာနဖွင့်လှစ်ကာ ယနေ့မွန်းတည့် ၁၂ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့စတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကာ ရဟန်း(၁၁)ပါး၊ သာမဏေ(၈၄)ပါး၊ သီလရှင်(၆၇)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး၊ စုစုပေါင်း(၁၆၂)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း၊ ၂၀၂၀ပြည့်နှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင် ရဟန်း၊ သာမဏေ၊ သီလရှင် (၇၄)ပါးတို့အား ဂုဏ်ပြုပူဇော်မည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)