ဂွ ဇွန် ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၁-ခုနှစ်၊ (၂၄)ကြိမ်မြောက် အစိုးရ ပါဠိ ပထမပြန်စာမေးပွဲဖြေဆိုမည့် ရဟန်း၊ သာမဏေများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကိုယနေ့ နံနက်(၅)နာရီအချိန်က ဂွမြို့သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ ရတနာသိဒ္ဓိ ဗိမာန် တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆွမ်းဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေရဟန်း သံမဏေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် ရုံးအဖွဲ့များက စုပေါင်း၍ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
ရွှေရည်ဝင်း