သတင်းများ

ဒက္ခိဏသီရိမြို့နယ်၌ ပါဠိပထမပြန်စာပေးပွဲတွင် စာဖြေသံဃာနှင့်သီလရှင်(၁၀၃)ပါး ဝင်ရောက်ဖြေဆို
Jun 07,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်၏ ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာရီတွင် ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး၊ ဦးခန္တီတန်ဆောင်း၌ ကျင်းပရာ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနားမြို့၊ မဟာလယ်တီစံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ ဘဒ္ဒန္တဣန္ဒာဝုဓ မဟာထေရ်မြတ်ကြီးအမှူးပြုသည့် ဆရာတော်သံဃာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစိုးရပါဋိပထမပြန်စာမေးပွဲ ကျင်းပ
Jun 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အစိုးရပါဋိပထမပြန်စာမေးပွဲ ပထမနေ့ကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် သီရိမင်္ဂလာဗိမာန်၌ ကျင်းပခဲ့သည်။
မြစ်သား၌ တိုင်းရင်းဆေးပညာဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Jun 07,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးပညာကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဆိုင်ရာ (တုပ်ကွေးရောဂါ အကြောင်း) အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 07,2021
မိတ္ထီလာမြို့တွင် ၂ဝ၂၁  ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့်၁၂ နာရီအချိန်က အထက(၁) ဒက္ခိဏအဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပါဠိပထမပြန်စာမေးပွဲကို အမှတ်(၃)ရပ်ကွက်ရှိ ကျိုင်းတုံစာဖြေဌာန၊ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့မွန်းတည့် ၁၂ နာရီက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပသည်။
အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Jun 07,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာမှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ပေါ်(၄)ရပ်ကွက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အေးချမ်းစွာ ဖြေဆို
Jun 07,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန် က လှိုင်းဘွဲမြို့ မြို့မဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြေပုံမြို့နယ်၌ ရဟန်း/သာမဏေများအား ပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 07,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် သာသနာရေးနှင့် ယာဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ‌သော ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (မြေပုံမြို့နယ် စာဖြေဌာန) ၌ မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ရဟန်း/သာမဏေများကို ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်ခမ်းမ၌ ပါဠိပထမပြန်စာမေးပွဲ စစ်ဆေး/ဖြေဆိုလျက် ရှိသည်။