ကျိုက်ထိုမြို့နယ်တွင် အစိုးရ ပါဠိပထမပြန် စာမေးပွဲကျင်းပ

 


ကျိုက်ထို၊ ဇွန်၊  ၇


 

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် သာသနာ့ဗိမ္မာန်တွင် ၂၀၂၁ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ်(၁၂) အချိန်က စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


      

 

အဆိုပါ စာမေးပွဲတွင် စာဖြေသံဃာများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံတော်သံဃနာယက‌ အောင်သပြေကျောင်းတိုက် ဆရာတော်ဦးအာစာရ ၊မြို့နယ်သံဃနာယက ဆရာတော် ဦးတေဇနိယနှင့် ဆရာတော်ကြီးများကြီးကြပ်၍  စာမေးပွဲကိုကျင်းပလျက် ရှိကြောင်း သိရ သည်။
    

 

ကျိုက်ထို မြို့နယ်၌အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အကြီးတန်း (၄)ပါး၊အလတ်တန်း(၄) ပါး၊အငယ်တန်း(၁၅)ပါး၊ မူလ တန်း(၄၁)ပါးစုစုပေါင်း(၆၄)ပါး ဝင်ရောက် ဖြေဆိုကြောင်း သိရသည်။



၀င်းမောင်