ပုသိမ် ဇွန် ၁၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၁၀၀% ပြီးစီးခဲ့ပြီးဖြစ်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လမ်းများ လွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ပို့ချခြင်း ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် ပုသိမ်မြို့နယ် ရှိမြို့နယ်စုပေါင်းရုံးခန်းမတွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပုသိမ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ၊ သက်ဆိုင်ရာကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးရွာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးမင်းမင်း က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးနိုင်က ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၁၀၀%ပြီးစီးခဲ့ပြီး ဖြစ်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လမ်းများ အကြောင်းကိုရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာသော သက်ဆိုင်ရာ ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် ကျေးရွာ ကော်မတီဝင်များအား တာဝန်ရှိသူအသီးသီးက လုပ်ငန်းလွှဲပြောင်း ပေးအပ်ခဲ့ကာ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက်နေ့လည်ပိုင်းအချိန်တွင် တက်ရောက်လာသော သက်ဆိုင်ရာ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ကျေးရွာကော်မတီဝင်များအား လှည့်ပတ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ယမန်နေ့ တစ်ရက်တာ ဆက်လက်ဖွင့်လှစ် သင်ကြားပို့ချခဲ့ကြကြောင်းသတင်းရရှိသည်။
မြင့်ဟန်