သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ စုပေါင်းဆောင်ရွက်

 

မိုင်းနောင်  ဇွန်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့နေပြည်သူများသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေး(ဖုံး၊သွန်၊ခပ်၊စစ်)လုပ်ငန်းများနှင့် အဘိတ် ဆေးခပ်ခြင်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က အထကကျောင်းနှင့် မြို့ပေါ်ရပ်ကွက်များ ရှိစျေးဆိုင်များ၊လူနေအိမ်များတွင် စုပေါင်းဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့၊မြို့ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ၊ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့မှတာဝန်ရှိသူများ ပူးပေါင်းကာ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း(ဖုံး၊သွန်၊ခပ်၊စစ်) သရုပ်ပြခြင်းများ၊အဘိတ် ဆေးခပ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

 ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် တာဝန်ရှိသူ ပူးပေါင်းအဖွဲ့သည် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေး ရှင်းလင်းကာ ကျန်ရှိနေသော စျေးဆိုင်များနှင့် လူနေအိမ်များကိုလည်း အဘိတ်ဆေးခပ်ခြင်းများ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

နန်းမီး(မိုင်းနောင်)