ထန်းတပင်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းဖွင့်လှစ်

 

ထန်းတပင်(ပဲခူး) ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်  ထန်းတပင်မြို့နယ် မိုးကောင်းကျေးရွာ  စိုက်ပျိုးရေးဆိုင်ရာ လူထု အခြေပြု စခန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၀ -၂၀၂၁ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  စိုက်ပျိုးရေးဆိုင်ရာ  အလေ့

အကျင့်ကောင်းများ (GAP ) သင်တန်းကို ယနေ့ နံနက်  (၁၀ )နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သုခမှ   အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းသင်းရီမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ အကြောင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုစိုးက စိုက်ပျိုးရေးဆိုင်ရာများ အကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းက စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သဇင်က သင်ထောက်ကူပစ္စည်းများကို ပေးအပ်ကာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။  သင်တန်းကာလကို ( ၄ )ရက် သင်ကြားပေးသွားမည်ဖြစ်ပြီး  မိုးကောင်းကျေးရွာ မှ စိုက်ပျိုးရေး စိတ်ပါဝင်စားသူ (  ၂၀  ) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။