ပုသိမ် ဇွန် ၁၈
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ သမဝါယမသင်တန်း ကျောင်းရှိ COVID-19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းမှ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ ထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သံသယလူနာများအတွက် နေထိုင်မှုအဆင်ပြေ ချောမွေ့စေရေးနှင့် အဆောက်အဦပတ်ဝန်း ကျင်သန့်ရှင်းရေးတို့အား အလေးထား ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ် မျိုးစေ့အရည်အသွေး စစ် ဆေးခန်းသို့ သွားရောက်ခဲ့ရာ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်မှ မျိုးစေ့သန့်စင်မှုစစ်ဆေး ခြင်း၊ မျိုးစေ့အပင်ပေါက်စစ်ဆေးခြင်းများအား လက်တွေ့ သရုပ်ပြရှင်းလင်းခြင်း၊ မြေဓာတ်ခွဲဌာန လက်ထောက်ဦးစီးမှူး နန့်အိသဉ္ဇာမှ မြေချဉ်ငံဓာတ်တိုင်းတာခြင်း၊ ရေအငံဓာတ်တိုင်းတာခြင်း၊ ဓာတ်မြေသြဇာအရည်အသွေး စစ်ဆေးခြင်းများအား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးသီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ခင်ရီမြင့်မှ စပါးသီးနှံပင်များပေါ်တွင် ကျရောက်တက်သော ပိုးမွှားအမျိုးအစားများ၊ အပင်များတွင်ဖြစ်ပွားတတ်သောရောဂါများနှင့် အကျိုးပြုပိုးမွှားများမွေးမြူမှုအခြေအနေ များအား ရှင်းလင်း တင်ပြခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ ခရိုင်/မြို့နယ်များမှတစ်ဆင့် တောင်သူ လယ်မားများထံသို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ပညာပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်