ရန်ကင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်

ရန်ကင်း ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ခြင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ) အတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ် ထောက်ပံ့ခြင်းဖြစ်ပြီး ထိုသို့ပေး အပ်ခြင်းသည် ဒုတိယကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ ယင်းထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ကို ရန်ကင်းမြို့နယ်အမှတ်(  ၂၊ ၃၊ ၅၊ ၁၂၊ ၁၄၊ ၁၅)   ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က အသက် (၈၅) နှစ်နှင့် အထက် ဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

လှလှထွေး