မောင်တော ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မောင်တောမြို့ နယ်သို့ပြောင်း ရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ ၊ချောင်းဆိုး၊ အသက်ရူကြပ်ပြီး မောင်တော ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား ယမန်နေ့က Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများအနက် မှ (၂၂)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား သက်ဆိုင်ရာတပ်ဖွဲ့ခွဲများရှိ သီးသန့်ဆောင်နှင့် မောင်တောမြို့ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက် ရှိရာ ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့ မှ ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၁၇၆)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာများအနက် (၇)ဦးမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့် မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ဇူလိုင် (၃)ရက်နေ့တွင် သေဆုံးသူ (၂)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ (၁၆၇)ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)