ရန်ကုန် ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော "C Star Myanmar Golden Bag Factory Company Limited" သို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်(၃)၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဦး ဦးဆောင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း၌ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါစက်ရုံတွင် ပြည်တွင်း ဝန်ထမ်းဦးရေ ၁၅၀ နီးပါးခန့် လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)