တောင်တွင်းကြီး ဇူလိုင် ၄
တောင်တွင်းကြီးမြို့နယ် အုန်းတော(၁)ရပ်ကွက်၊ ရွှေအိုး(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ ကသာကျေးရွာ၊ မထီစံပြကျေးရွာတို့မှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူများနှင့် ၎င်းတို့နှင့် ထိစပ်သူ(၁၂၃)ဦးတို့အား ယမန်နေ့နံနက်(၁၀)နာရီအချိန်က RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၀)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ရဟန်း(၂)ပါး၊ သာမဏေ(၅)ပါး၊ ကျား(၁၀)ဦး၊ မ(၃)ဦး စုစုပေါင်း အတည်ပြုလူနာ(၂၀)ဦးတို့အား မြို့နယ်ကိုဗစ်-၁၉ ကော်မတီအဖွဲ့၀င်တို့၏ ကြီးကြပ်မှုဖြင့် ယနေ့ ညနေ (၄)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ စိတ္တသုခလူမှုကူညီရေး အသင်း၊ ကလျာဏသုခလူမှုကူညီရေးအသင်းယာဉ်တို့ဖြင့် ပရပ်ကြယ်တိုက်နယ်ဆေးရုံရှိ သီးခြား အဆောင်သို့ ပြောင်းရွှေ့ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ကျန်(၁၀၃)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ (negative) ဖြစ်သဖြင့် နေအိမ်တွင် (Home Quarantine)(၇)ရက် နေထိုင်ရန်မှာကြားပြီး ဖြစ်ပါကြောင်းနှင့် ရောဂါပိုးတွေ့ရှိသည့်နေရာများအား အသွားအလာ ကန့်သတ်ပြုလုပ်ထားရှိပါကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း (၆၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)