သတင်းများ

ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ နှစ်ဦးထပ်မံတွေ့ရှိ
Jul 04,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ   ကိုဗစ်-၁၉ ရောဂါပိုးထိတွေ့ခဲ့သည့် ပြည်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ  ယနေ့  နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၀)နှစ်အရွယ်၊ အမျိုးသားတစ်ဦးနှင့် အသက်(၅၇)နှစ်အရွယ်၊ အမျိုးသားတစ်ဦး စုစုပေါင်း(၂)ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ထားရှိပြီး ယာဉ်ဖြတ်သန်းသွားလာချိန်ကန့်သတ်လျက်ရှိ
Jul 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့အဝင်/အထွက် စစ်ဆေးနိုင်ရေး မုန်းလိုက်တံတား ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ဇူလိုင်လ ၄ ရက်နေ့မှစတင်၍ ပြန်လည်ထားရှိကာ ညပိုင်းအချိန် ယာဉ်ဖြတ်သန်းသွားလာချိန်ကိုလည်း ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၈ နာရီချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ကန့်သတ်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းရေးအတွက် Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 04,2021
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင်  ကိုဗစ်- ၁၉ ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည့် Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီက  ၆၂လမ်း × ၆၃လမ်းကြား၊ ၃၈လမ်း × ၃၉လမ်းကြားရှိ မနော်ရမ္မံဈေးအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု တိုင်းရင်သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နှင့် ဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့(၅)နှစ်သင်တန်းဝင်ခွင့်စာမေးပွဲ ဖြေဆို
Jul 04,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း) ပထမနှစ်ဝိဇ္ဇာသိပ္ပံနှင့် အေဂျီတီအိုင်သင်တန်းနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed)(၅)နှစ် သင်တန်းအမှတ်စဉ်(၉) သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ပြုလုပ်ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး ဝင်ခွင့်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများကို အားဖြည့်အချိုရည်များ ပေးအပ်ခဲ့သည်။
မကွေးခရိုင်တွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 04,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲ နာရီအချိန်က မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များအားလုံး Take-away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချသွားရန် ကြေငြာချက်ထုတ်ပြန်
Jul 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်နှင့် အစားအသောက် ပြုလုပ်ရောင်းချသည့် ဆိုင်များအားလုံး Take-away (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဇူလိုင်လ(၃) ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကာကွယ်ရေးပစ္စည်းများ သွားရောက် လှူဒါန်း
Jul 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် Mask နှာခေါင်းစည်း(၁၄) ဘူး၊ Hand Gel (၁၂) ဘူး၊ ခြင်ထောင်အလုံး (၁၀၀) စသည့် ကာကွယ်ရေး ပစ္စည်းများကို ဌာနဆိုင်ရာ စုပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်ခန့်က သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် တံခွန်တိုင်တည်ဆောက်ခြင်း ဆောင်ရွက်
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့လယ်တွင်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောမဟာ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် တံခွန်တိုင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက်မှ ရွှေမုဌောဘုရားသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။ စေတီတော်သမိုင်းအဆိုအရ ရွှေမုဋ္ဌောဘုရားကို သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်၊ တပေါင်းလပြည့်နေ့ လငပုပ် ဖမ်းသောအခါတွင် သီရိဓမ္မာသောကမင်း တည်သည်ဟု ဆိုသည်။ သီရိဓမ္မာသောကမင်းလက်ထက် တည်စက ရွှေအာဏာစေတီဟုတွင်၍ ၄၅၇ ခုနှစ်တွင် အလောင်းစည်သူမင်းကြီး ပြန်လည်ပြုပြင်ပြီးသောအခါ ထူပါရုံ စေတီဟု သမုတ်သည်။ ၆၂၅ ခုနှစ်တွင် သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီ မိဖုရားတို့ တိုးချဲ့တည်ပြီးသောအခါမှ ရွှေမုဋ္ဌောစေတီဟု အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။