တိုက်ကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ

တိုက်ကြီး   ဇူလိုင်   ၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မလေးရှားဝိုင်ကျေးရွာအုပ်စု၊ ရေစက်တောင်ကျေးရွာ၊ တောင်လှိုင်ရိုးမ သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၆)တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်သို့ အမှတ် (၁) တပ်မတော်တန်းမြင့်လေ့ကျင့် ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ NGO အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကာ ကျွန်းပင် (၃၀)၊ ပျဉ်းကတိုးပင်(၁၂၁၀)၊ မဟော်ဂနီပင် (၁၀)၊ ပိတောက်ပင် (၁၀)၊ ခရေပင်(၁၀)၊ မအူပင်(၁၀)၊ သစ်စိမ့်ပင်(၁၀)၊ မန်ဂျန်ရှားပင်(၁၂၀၀)၊ စုစုပေါင်း ပျိုးပင်(၂၄၉၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခင်နှင်းသက်(ပြန်/ဆက်)