ပဲခူး ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်း များ ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကလေးငယ် များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်း များ သားကောင်းရတနာများဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များဖြစ်လာစေရေး ထောက်ပံ့ ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သား ကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာ ဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသာမက လူအဖွဲ့ အစည်းရှင်သန်မှုအတွက် အဓိက ရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများ အား အကောင်းဆုံး ပြုစုပျိုးထောင်ပေး ကြစေလိုကြောင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်လည်း ဝန်ထမ်းများ၏ သား/သမီးများ ပညာရည်မြင့်မားစေရေး အတွက် ထောက်ပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တက္ကသိုလ် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များက အခြေခံပညာ အထက် တန်း/ အလယ်တန်း/ မူလတန်းပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူ ပစ္စည်းများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက မူကြိုတန်း တက်ရောက်နေသည့် ကျောင်းသူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ရာ၊ ကျောင်းသား/ ကျောင်းသူ ဝန်ထမ်းမိဘ များကိုယ်စား ဦးမောင်မောင်ဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝဏ္ဏမောင်