ပေါင်းတည်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ပိုစတာ ဖြန့်ဝေချိတ်ဆွဲခြင်းနှင့် မဲစာရင်းသွားရောက်ကြည့်ရှုရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Aug 07,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းညွန့်နှင့် အဖွဲ့ဝင်များ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ နှင့် အရပ်ဘက်လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံးရှေ့ ရန်ကုန်ပြည် ကားလမ်းဘေးမှ ခရီးသွားပြည်သူများနှင့် မြို့ပေါ်ရပ်ကွက်များ၌ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြပြီး အများမြင်သာသည့် နေရာအသီးသီးနှင့် မြို့နယ်အတွင်းရှိ လူစည်ကားရာ သတ်မှတ်နယ်မြေအသီးသီးသို့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးပိုစတာများ သွား ရောက် ချိတ်ဆွဲပေးခဲ့ ကြသည်။