မကွေး ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲ နာရီအချိန်က မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး က အဖွင့်အမှာစကားပြောကြားရာ ဌာနဆိုင်ရာများအနေဖြင့် ယခုထပ်မံဖြစ်ပွားမှုနှုန်း မြင့်မား လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ Third Wave ဖြစ်ပွားလာမှုနှင့် ပတ်သက်၍ မိမိတို့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကြုံတွေ့နေရသော အခက်အခဲများ၊ ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသွားကြရန် လိုအပ်ကြောင်း၊ ပြည်သူ လူထုများအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အသိပေးဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ခရိုင်အတွင်းရှိ ဆေးပစ္စည်း လိုအပ်ချက်များ၊ မြို့နယ်အလိုက် ဖွင့်လှစ် ထားသည့် စစ်ဆေးရေးဂိတ်များ၊ Quarantine Centre များနှင့် ၎င်း Quarantine Centre များတွင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ တင်ပြဆွေးနွေးရန်၊ ဈေးများဖွင့်လှစ်ခြင်းများ အပေါ် လိုအပ်သည့် အကြံပြုချက်များ တင်ပြဆွေး နွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ မကွေးခရိုင်Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူး များက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ Quarantine Centre ဆောင်ရွက်ထားရှိ မှုများ၊ ဈေးများတွင် လက်ဆေးဘေစင်ထားရှိမှုများ၊ အပူချိန်တိုင်းတာခြင်း ဆောင်ရွက်ထားရှိပေးမှု အခြေအနေများနှင့် အသိပညာပေး လှုံဆော်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များ ကို အသီးသီးဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
ထို့နောက် မကွေးခရိုင်တွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက မကွေးမြို့အဝင် ကံပြားကျေးရွာရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးစစ်ဆေးရေးဂိတ်တွင် မြို့တွင်းသို့ဝင်ရောက်လာသည့် ပြည်သူများအား အပူချိန်တိုင်းတာခြင်း၊ သံသယဖြစ်ဖွယ်အခြေအနေကြုံတွေ့ရပါက (RDT) Test Kit ဖြင့် စစ်ဆေး ခြင်းများ၊ ဆောင်ရွက်နေမှုအခြေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုအောင်