မင်းဘူး(စကု)မြို့နယ်တွင် လတ်တလော မိုးရွာသွန်းမှုများကြောင့် နှံစားပြောင်းပင်များ ရှင်သန်ကြီးထွားလာ
Aug 07,2020
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် နှံစားပြောင်း သီးနှံစိုက်ခင်းများ စိုက်ပျိုးထားသော်လည်း ဇွန်လနှင့် ဇူလိုင်လများ၌ မိုးရွာသွန်းမှု မရှိဘဲ မိုးခေါင်နေသောကြောင့် နှံစားပြောင်းပင်များမှာ အရောင်ဝါပြီး ကြုံလှီဖျော့တော့ကာ ဩဂုတ်လထဲ ရောက်ခါမှ လတ်တလော မိုးရွာသွန်းမှုများကြောင့် စိမ်းစိုလန်းဆန်းပြီး အပင်များ ဖွင့်ဖြိုးကြီးထွားလာကြောင်း မန်းကျိုးကျေးရွာ နှံစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။