သတင်းများ

လပွတ္တာမြို့တွင် လေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ သြဂုတ်လအတွင်း လပွတ္တာမြို့တွင် ဖြစ်ပွားသော
ဗန်းမော်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စတင်စိစစ်
Aug 11,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းကို ယမန်နေ့နံနက်(၁ဝ)နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည်။
အုတ်တွင်းမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၀)ဖွင့်လှစ်ပို့ချ
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူး ကျင်းပသော လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အခြေခံ) တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ စက်မှု လယ်ယာဦးစီးဌာန၊ အမှတ်(၉၈) စက်မှုလယ်ယာစခန်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင် အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုများအား မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Aug 11,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ မဲဆန္ဒရှင်အမည်စာရင်းများ ကပထားကြေညာထားရှိမှုအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် မြန်မာ့ရိုးရာဆေးသနပ်ခါး(နံ့သာဖြူ)ပင်များ စိုက်ပျိုးအောင်မြင်
Aug 11,2020
မြန်မာ့ရိုးရာအိမ်တွင်းသုံးနှင့် တိုင်းရင်းဆေးဝါးများတွင်ထည့်သွင်းအသုံးပြုလျှက်ရှိသော နံ့သာဖြူ(ဆေးသနပ်ခါး) ပင်များကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း စီးပွားဖြစ်စိုက်ပျိုးလာသူများရှိကြောင်းသိရှိရသည်။
ရွှေဘိုမြို့နယ်၊‌ ကျောက်မြောင်းမြို့၊ မအူကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေး ကွင်းဆင်း ဆောင်ရွက်
Aug 11,2020
ကျောက်မြောင်းမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိ‌ရေးကို ယနေ့နံနက်ပိုင်း က မအူကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
တီးတိန်မြို့နယ်တွင် Cash for Work စီမံကိန်း လုပ်ငန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး
Aug 11,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လတ်တလောဖြစ်ပေါ်နေသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ ကုစားနိုင်ရန်အတွက် နိုင်ငံတော်၏(CERP)အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူး ဦးဝင်းနွယ်နှင့် တာဝန်ရှိသူတို့က ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၊ ပြန်/ဆက်ဦးစီးဌာနရုံးတွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများပြသ
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများအား ပြသဆောင်ရွက်ကြောင်း သိရသည်။