သတင်းများ

မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA) က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)သို့ ပရိုဂျက်တာ လှူဒါန်း
Aug 11,2020
တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA)က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)သို့ ပရိုဂျက်တာတစ်ခုလှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တွင် ကျင်းပသည်။
ဒီးမော့ဆိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း(၁/၂၀၂၀)ဖွင့်လှစ်
Aug 11,2020
တောင်သူများ လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ကြံခိုင်မှု ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က ဒီးမော့ဆိုမြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း(ခွဲ)တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း(၁/၂၀၂၀)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်တွင် စပါးခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်
Aug 11,2020
ရေးမြို့နယ် အစင်ကျေးရွာအုပ်စု ဘုရားတောင်လမ်းဝ ဆိပ်ကလေးကျေးရွာတွင် သထုံ ငါးသားပေါက်စခန်းမှ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း ငါးသန်သားပေါက် ကောင်ရေ (၆၀၀၀၀)တို့အား စပါးခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထန်းတပင်၌ Cash For Work  နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ဆောင်ရွက်မည့် ကျေးရွာ (၁၆)တို့အား ရန်ပုံငွေပေးအပ်
Aug 11,2020
ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ရောဂါကြောင့် ဝင်ငွေလျော့နည်းလာမှုများနှင့် စားဝတ် နေရေး အခက်အခဲများအပေါ်
ရှားတောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Aug 11,2020
ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရှားတောမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်တွင် တစ်အိမ် တက်/ဆင်း အဘိတ်(Abate)ဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့ နံနက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် Grade -4 စတုတ္တတန်း သင်ရိုးသစ် သင်ကြားမှုဆိုင်ရာ သင်တန်းဖွင့်လှစ်
Aug 11,2020
ကျိုက်မရောမြို့နယ်တွင် Grade -4 စတုတ္တတန်း သင်ရိုးသစ် သင်ကြားမှုဆိုင်ရာ သင်တန်းကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ရန်မျိုးအောက်ရပ်ကွက်ရှိ အမှတ် (၃)အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)၌ ဖွင့်လှစ်သည်။
ဆွမ်ပရာဘွမ်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ရှောင်တခင်စစ်ဆေး
Aug 11,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မြို့အတွင်း ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်း ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်​
Aug 11,2020
​ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းများတွင် ပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေမြောင်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့အတွက် Box Culvert ပြုပြင် ခြင်း လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်း တာဝန်ခံအဖွဲ့မှ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းနှင့် ဘဏ်လမ်းထိပ်တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။