သတင်းများ

ဖရူဆိုမြို့နယ်တွင် အသက် ၆ လမှ ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး
Aug 11,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်း ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ အသက် ၆ လ မှ အသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများအား ထပ်မံခုနှစ်ရက်တိုးမြှင့် ကပ်ထားကြေညာလျက်ရှိ
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်နေ့အထိ ကပ်ထားကြေညာထားလျက်ရှိရာ သြဂုတ် ၈ ရက်မှ ၁၄ ရက်နေ့အထိ နောက်ထပ်ခုနှစ်ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာထား ကြောင်း သိရှိရသည်။
သရက်ခရိုင်အတွင်း နိုင်ငံရေးပါတီများမှ လျှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် လောင်း များအား စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA) က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)သို့ ပရိုဂျက်တာ လှူဒါန်း
Aug 11,2020
တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA)က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)သို့ ပရိုဂျက်တာတစ်ခုလှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တွင် ကျင်းပသည်။
ဒီးမော့ဆိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း(၁/၂၀၂၀)ဖွင့်လှစ်
Aug 11,2020
တောင်သူများ လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ကြံခိုင်မှု ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က ဒီးမော့ဆိုမြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း(ခွဲ)တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း(၁/၂၀၂၀)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်တွင် စပါးခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်
Aug 11,2020
ရေးမြို့နယ် အစင်ကျေးရွာအုပ်စု ဘုရားတောင်လမ်းဝ ဆိပ်ကလေးကျေးရွာတွင် သထုံ ငါးသားပေါက်စခန်းမှ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း ငါးသန်သားပေါက် ကောင်ရေ (၆၀၀၀၀)တို့အား စပါးခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထန်းတပင်၌ Cash For Work  နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ဆောင်ရွက်မည့် ကျေးရွာ (၁၆)တို့အား ရန်ပုံငွေပေးအပ်
Aug 11,2020
ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ရောဂါကြောင့် ဝင်ငွေလျော့နည်းလာမှုများနှင့် စားဝတ် နေရေး အခက်အခဲများအပေါ်
ရှားတောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Aug 11,2020
ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရှားတောမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်တွင် တစ်အိမ် တက်/ဆင်း အဘိတ်(Abate)ဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့ နံနက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။