သတင်းများ

ရွာသစ်မြို့ အမကဝမ်ဟော်ကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 11,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ အမကဝမ်ဟော်ကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။
ပူတာအိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း (၂၂၅၄၆)ဦး ကြည့်ရှုထားပြီး အားလုံးကြည့်ရှုရန် အသိပေး နှိုးဆော်သည့် လက်ကမ်း စာစောင်နှင့် ပိုစတာများဖြန့်ဝေ
Aug 11,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ယနေ့နံနက် ၇ နာရီတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများသို့ အသိပညာပေး နှိုးဆော်သည့် အနေဖြင့် ပြည်သူများ လက်ဝယ်အရောက် ပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများကို လိုက်လံ ကပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျီခါးမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်
Aug 11,2020
ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ ကျီခါးမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များကို လေလံရောင်း ချရေးအဖွဲ့မှ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှာခေါင်းစည်း အခု(၁၆၀၀) အား ယနေ့နံနက်(၇)နာရီမှစတင်ကာ မြစ်သားစျေး၊ အခွန်လွတ်စျေးနှင့် ကူမဲစျေးများတွင် စျေးရောင်းစျေးဝယ်လာသူများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 11,2020
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီတွင် မိုးမောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်ဖြန့်ဝေ
Aug 11,2020
ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်သလား လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူစည်းကား ရာနေရာများရှိ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် Reorientation Training For PHS2 Through Mobile Tablet ခရိုင်အဆင့် မွန်းမံသင်တန်းဖွင့်လှစ်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Reorientation Training For PHS2 Through Mobile Tablet ခရိုင်အဆင့် မွန်းမံသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။